ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်နော်..။

အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သလို ဘိုမအရုပ်လေးလို ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးပါပဲ..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရိုးယဉ်ယဉ်လေးလိုက်ဖက်လွန်းလှသလို ဆွဲဆောင်မှုရှိတဲ့ အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ဖမ်းစားတတ်တာသူလေးလည်း ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အချစ်ပိုစေတဲ့ နန်းဆုလေးကတော့ သူမရဲ့ ပုံရိပ်လေးကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အေးချမ်းတိတ်ဆိတ်တဲ့ တောတောင်အလှတွေနဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ သဘောကျစေပြန်ပါတယ်နော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

"မင်းမပါတဲ့နေရာတိုင်းဟာ အလွမ်းနယ်မြေ

မင်းမရှိတဲ့ ရာသီတိုင်းဟာ အလွမ်းရာသီ.." ဆိုပြီး ဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုတွေရှိရှိ ဓာတ်ဖမ်းထားတဲ့ နန်းဆုလေးရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအားလုံးက သဘောကျအချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

Source - Nansu Yati Soe's Fb Account

Photo Credit - Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။