ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှာတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကလည်း အပါအဝင်ပါပဲ..။

အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေတဲ့ ကိုပေါက်ကတော့ ရယ်စရာ Tik Tok လေးတွေ ရိုက်ကူးဆော့ကစားပြီးတော့လည်း ပရိသတ်တွေကို သဘောကျစေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Myo Min Soe's Fb Account
Photo Credit - Myo Min Soe's Fb Account

အခုတစ်ခါမှာလည်း နာမည်ကျော်ဒီဇိုင်နာမျိုးမင်းစိုးနဲ့ နှစ်ယောက်အတူ Tik Tok အခွီလေး ရိုက်ကူးဆော့ကစားကာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပြန်ပါတယ်နော်..။

နှစ်ယောက်အတူ အတွဲညီညီနဲ့ Tik Tok ရိုက်ရင်း အူတတ်နေအောင် ခွီးနေရတဲ့ အကြောင်းလေးနဲ့ အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှပြောပြထားပါသေးတယ်..။

Photo Credit - Myo Min Soe's Fb Account
Photo Credit - Myo Min Soe's Fb Account

"ဒီနေ့ကျန်တော့်အိမ်မှာ ကိုပေါက်နဲ့အမိုက်စား TikTok တွေ ရိုက်နေပါတယ်နော် ရိုက်ရင်းနဲ့ အူးတေကိုနာလို့ ရီရတာ.." ဆိုပြီး အမှတ်တရလေးတွေကို မျှဝေထားတာပါ..။

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ကိုပေါက်တို့ရဲ့ အခွီ ဓာတ်ပုံလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကလည်း သဘောကျနေကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Myo Min Soe's Fb Account

Source & Photo Credit - Myo Min Soe's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။