ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးအေးမြတ်သူကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး မိဘနှစ်ပါးရယ်၊အစ်ကိုတို့မိသားစုလေးရယ်နဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။အေးမြတ်သူက မာန်မာနလည်းကင်းမဲ့ပြီး သဘောကောင်းဖော်ရွေတတ်သူလေးဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်နေရတဲ့အပြင် သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page/Amazing Grace
Photo Credit:Aye Myat Thu's Facebook Page/Amazing Grace
Photo Credit:Aye Myat Thu's Facebook Page

အေးမြတ်သူက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး လတ်တလောအနုပညာအလုပ်တွေခဏနားထားတဲ့အချိန်မှာတော့ ပရိသတ်ကြီးနဲ့မဝေးကွာသွားအောင်လို့ Live လေးတွေလွှင့်ပြီး တိုက်ရိုက်စကားပြောသလို Tik Tok လေးတွေကိုလည်း ကစားနေတာဖြစ်ပါတယ်။အေးမြတ်သူကတော့ အသက်(၃၀)ကျော်အရွယ်အပျိုကြီးတစ်ယောက်ဖြစ်ပေမယ့် လှပနုပျိုမှုတွေကကျန်ရှိနေသေးတာကြောင့် လူငယ်လေးတွေလို အမြဲတမ်းနုပျိုလန်းဆန်းနေတာဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

အေးမြတ်သူက မိသားစုကိုလည်းတန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမချစ်ရတဲ့မိသားစုကို အချိန်အပြည့်ပေးပြီးဂရုစိုက်လေ့ရှိပါတယ်။အခုဆိုရင်လည်း ချစ်စရာကောင်းတဲ့တူလေးကို လက်ကမချိနိုင်လောက်အောင်ချီပွေ့ထားပြီး"ဘာလိုလိုနဲ့... အရမ်းချစ်ရမယ့် သက်ရှိအရုပ်ကလေးတစ်ရုပ်....ရောက်လာပြန်ပြီ...... စကားပီကလာမပီကလာမပြောရသေးဘူးအသံလေး တစ်ချက်... အပြုံလေးတစ်ပွင့် နဲ့တင် ဒီအပျိုကြီးရူးခါနေရပါပြီနော်.....ဆွေမျိုးတွေ အပြုံးချိုသလောက် သူလေးကရယ်ခဲ...ငိုခဲလေ"ဆိုပြီး ချစ်စရာကောင်းတဲ့တူအရီးနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

Source&Photo Credit:Aye Myat Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။