မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားလေးကလည်း နူးညံ့ဖြူစင်သူလေး ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့ပြီး အခုနောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ လူကြီးမိဘအပေါ်မှာ သိတတ်တဲ့ ဖြူဖြူထွေးက သူမရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဒါကြောင့်လည်း ဖြူဖြူထွေးက တစ်နေ့ထက်တစ်နေ့ နာမည်ပိုရလာပြီး အရင်ကထက် ပိုမိုအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေးက ကြော်ငြာလေးတွေ ဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အမိုက်စား Tik Tok လေးတွေကို တင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက အခုလည်း ဗီဒီယိုအသစ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဒီဗီဒီယိုလေးမှာ ဖြူဖြူထွေးက ဘာမှမပြင်ဆင်ထားတဲ့ ပုံစံရိုးရိုးကြီးကနေ ချက်ချင်းသလို အလန်းစားဖက်ရှင်တွေနဲ့ အပြတ်ဂေါ်ပြလိုက်တာ ဖြစ်ပါတယ်။ ခေါင်းအစခြေအဆုံး အနက်ရောင်ဖက်ရှင်တွေနဲ့ အထာကျနေတဲ့ ဖြူဖြူထွေးကတော့ လူမှားသွားရလောက်အောင် လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc 

Photo Credit-Phyu Phyu Htwe's FB Acc
@phyu777

♬ original sound - phyu777
@phyuhtwe777

♬ Cari Mama Muda - imamendr_

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။