ပရိသတ်ကြီးရေ ချစ်စရာကောင်းလောက်တဲ့ အပြုံးချိုချိုလေးတွေအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ သူကတော့ မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ ခန့် ဟာ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝ သိမ်းပိုက်ထားတာဖြစ်ပါတယ်။ လတ်ရှိမှာတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်တွဲတွေကို ဆက်လက်ရိုက်ကူးနေပြီး အနုပညာလောကမှာ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူလေးပါနော်....။

Photo Credit - Khant
Photo Credit - Khant

မင်းသမီးချောလေး ခန့် ကတော့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ဒီ ဇာတ်လေးကတော့ ထုတ်လွှင်ပြသလို ပြီးဆုံးသွားခဲ့ပေးမယ့် မင်းသမီးချောလေး ခန့် က ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ချစ်စရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေ့ကိုလည်း ဖော်ပြပေးလျက်ရှိတာတွေ့ရပါတယ်။ယခုမှာဆိုရင်တော့ မင်းသမီးချောလေး ခန့်က လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် အရင်က ခရီးသွားခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Khant
Photo Credit - Khant

ဒီပုံလေးတွေထဲမှာတော့ မင်းသမီးချောလေး ခန့် က လွတ်လပ်ပေါ့ပါးတဲ့ အနက်ရောင်အမိုက်စားဖက်ရှင်လေးကို အထာကျကျဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ရင်ခုန်စရာကောင်းလောက်အောင်ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသမီးချောလေး ခန့် က " အဲ့ခရီးတွေ သွားချင်ပြီး " ဆိုပြီး သတိတရနဲ့ ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဟန်ဆောင်မှုကင်းပြီး ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ခန့် ရဲ့ ခရီးသွားခဲ့တဲ့ အရင်းက အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Khant

Photo Credit - Khant

Source - Khant facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။