ပရိသတ်ကြီးရေ ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်လူသိများတဲ့ ကိုပေါက်ကတော့ သရုပ်ဆောင်အလုပ်အပြင် အနုပညာလောကမှာ ကဗျာရေး၊ ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်လည်း အောင်မြင်စွာ ရပ်တည်နေတဲ့ သူပါနော်။ ဒါ့အပြင် ကိုပေါက်က သရုပ်ဆောင်ရာမှာ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာ ပုံဖော်တက်သူဖြစ်လို့ ပရိသတ်တွေက အကြိုက်တွေ့နေကြတာလည်းဖြစ်ပါတယ်နော်.....။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်။ သူ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ဟာသ Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးကာ လူမှုကွန်ယက်စာမျက်နှာက တဆင့် ပရိသတ်တွေဆီ မျှဝေပေးလျှက်ရှိနေတာလည်းဖြစ်ပါတယ်။ ကိုပေါက်က အခုလက်ရှိမှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ မန္တလေးမြို့ကို အလည်သွားရောက်နေတာပဲဖြစ်ပါတယ်.....။

Photo credit - Aung Min Naing's FB account
Photo credit - တင်ကိုထွန်း(pro studio)

ကိုပေါက်က မန္တလေးမြို့ကို အလည်ရောက်တုန်း မိသားစုတွေ အမှတ်တရရိုက်ကူးဖြစ်ခဲ့တဲ့ ပုံလေးတွေကို မျှဝေလာပြီး " မန္တလေးရောက် မိသားစုဓာတ်ပုံ သားသမီးတွေငယ်တုန်း ကိုယ်လည်းအရွယ်ရှိတုန်း မိသားစုဓာတ်ပုံရိုက်ဖို့ မဖြစ်မနေလုပ်ပါ ဒါဟာတန်ဖိုးရှိမှန်း နောက်မှသင်သိလိမ့်မယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေလည်း ကိုပေါက်တို့ရဲ့ မိသားစု ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..........။

Photo credit - တင်ကိုထွန်း(pro studio)
Photo credit - တင်ကိုထွန်း(pro studio)

Source - Aung Min Naing's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။