ပီပြင်လွန်းတဲ့ အိုက်တင်သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ချိုသာတဲ့ စကားပြောဆိုပုံလေးတွေကိုလည်း နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။   

Photo Crd - Nay Toe's FB Page
Photo Crd - Nay Toe's FB Page
Photo Crd - Nay Toe's FB Page

နေတိုးဟာ ဘာသာရေးကိုလည်း အလွန်ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေလည်း အမြဲလိုလို လုပ်ဖြစ်တတ်တဲ့ မင်းသားချောလေး တစ်လက်လည်း ဖြစ်ပါတယ်။ ကုသိုလ်ရေးတွေ အမြဲလိုလို လုပ်ကိုင်တတ်သူ ဖြစ်တာကြောင့် အသက် ၄၀ ကျော်လို့ ထင်ရက်စရာ မရှိလောက်အောင် ယနေ့ချိန်ထိ လူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေတိုးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်း မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲလိုလို ဝေမျှပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Nay Toe's FB Page
Photo Crd - Nay Toe's FB Page
Photo Crd - Nay Toe's FB Page

အခုမှာလည်း သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဆံပင်ကေအသစ်လေးညှပ်ထားပြီး လူငယ်လေးတစ်ယောက်လို နုဖတ်လွန်းနေတဲ့ မင်းသားချောလေးနေတိုးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ လတ်တလော အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ တစ်ခါတစ်ရံလည်း ပရိသတ်တွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် သီချင်းလေးတွေ ဆိုပြတတ်ပါသေးတယ်။ ပရိသတ်တွေအတွက် နေတိုးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Toe's FB Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။