ပရိသတ်ကြီးရေ မော်ဒယ်လ်သန္တာလှိုင်ကတော့ အသက်(၄၀)ကျော်အရွယ်ထိတောင် ကျန်းမာရေးကိုအထူးလိုက်စားတာကြောင့် သွယ်လျလှပပြီး နုပျိုနေတဲ့အလှတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပြီး သားနဲ့သမီးကိုလည်း သေချာဂရုတစိုက်နဲ့ပြုစုပျိုးထောင်ပေးနေကာ အားတဲ့အချိန်အတိုင်းကို သားသမီးတွေနဲ့အဖော်လုပ်ပေးပါတယ်နော်။အခုဆိုရင်တော့ သန္တာလှိုင်က သားနဲ့သမီးအပေါ်ထားတဲ့မေတ္တာတရားတွေကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Thandar Hlaing's Facebook Page
Photo Credit:Thandar Hlaing's Facebook Page
Photo Credit:Thandar Hlaing's Facebook Page

"သားငယ်လေးကျတော့ ပိုချစ်တယ်မဟုတ်လား? အဲ့ဒါ ယောကျ်ားလေးမို့ ပိုချစ်တာလို့ပြောရင် ပြောတဲ့သူတွေကို အရမ်းအထင်သေးမိပါတယ်....အခုတော့ အော် အမြင်မကျယ်သေးတဲ့သူမို့ လူဆိုတာ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးက လိင်ပေါ်မှာ မူတည်တာ မဟုတ်ဘူး ဆိုတာ နားမလည်လို့ ပြောကြတာပဲ လို့တွေးပြီး နားလည်ပေးလိုက်ပါတယ်။သားနဲ့ သမီးရယ်လို့မှ မဟုတ်ပါဘူး သမီးအမွှာ၊ သားအမွှာ မွေးထားတဲ့ မိဘတွေ စဉ်းစာကြည့်ပါ.... အမွှာ ဆိုရင်တောင် သူတို့ရဲ့ personality ပေါ်မူတည်ပြီး ချစ်ရတာချင်း၊ သူတို့အပေါ် စိတ်ပူရတာတွေ၊ သူတို့လေးတွေ တစ်ခုခုတုန့်ပြန်လိုက်ရင် မိဘရင်ထဲမှာ ခံစားရတာတွေက တူတာမှ မဟုတ်တာ။"

Photo Credit:Thandar Hlaing's Facebook Page
Photo Credit:Thandar Hlaing's Facebook Page

"သားသမီး ခဏထားပြီး ကိုယ့်ရဲ့ အဖေနဲ့ အမေကိုပဲ စဉ်းစားကြည့်ပါ.... အမိနဲ့ အဖဆိုရင်လဲ မတူတဲ့ လူနှစ်ယောက်ကို ချစ်တဲ့ ပုံချင်းမှမတူတာ ဘယ်သူ့ကိုပိုချစ်ပါလဲဆိုပြီး ယှဉ်မေးတဲ့သူတွေက နားမလည်လို့ မေးတာလို့သာ သတ်မှတ်လိုက်ပါ။ ဖြေဖို့ကြိုးစားမနေပါနဲ့.....သားနဲ့သမီးလဲ ဒီအတိုင်းပါပဲ... တစ်ခါတစ်လေ သမီးက တိုးတိုးဖေါ်ရသလို သားကတစ်မျိုးဖြစ်ရင်ဖြစ်နေတယ်။ တစ်ချို့အမေကျတော့လဲ သားနဲ့ တိုးတိုးဖေါ်ရပြီး သမီးက တစ်မျိုးအားကိုးရပြန်ရော... အဲ့ဒီတော့ လူဆိုတာ ယောက်ျားရယ်... မိန်းမရယ်... အကြီး၊ အငယ်၊ အရွယ်မရွေး သူ့တန်ဖိုးနဲ့သူရှိတာကို တန်ဖိုးထားနိုင်ရင်၊ ယောက်ျားလေးပဲမွေးမွေး မိန်ကလေးပဲမွေးမွေး သူ့ရဲ့ personality နဲ့ သူ့တို့ရဲ့ အတွေးအခေါ်နဲ့ သူတို့ကြိုက်တာတွေကို အရှိအတိုင်း လက်ခံတတ်သွားရင် ဘယ်သူ့ကို ပိုချစ်တယ် ဘယ်သူ့ကို လိုတယ်ဆိုတာမျိုး ယှဉ်ပြီး မတွေး အားလုံးကို unconditional love နဲ့ ချစ်သွားနိုင်မှာပါလို့...."ဆိုပြီး သူမရဲ့အတွေးလေးကို မျှဝေလာတာပါနော်။

Photo Credit:Thandar Hlaing's Facebook Page
Photo Credit:Thandar Hlaing's Facebook Page
Photo Credit:Thandar Hlaing's Facebook Page

Source&Photo Credit:Thandar Hlaing's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။