သရုပ်ဆောင် မင်းသားချော ကျော်ထက်အောင်ကတော့ " Myanmar Idol" သီချင်းဆိုပြိုင်ပွဲကြီးရဲ့ပင်တိုင် Host တစ်ဦးပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံခြင်းခံထားရတဲ့ ကျော်ထက်အောင်က အသံပါဝါက တည်ကြည်ပြတ်သားပြီး သြဇာရှိသလို ရုပ်ရည်ကလည်း ချောမောခန့်ညားသူ ဖြစ်ပါတယ်။ ချိုသာတဲ့အပြုံးလေးတွေနဲ့ ဖမ်းစားနိုင်တဲ့ ကျော်ထက်အောင်က ပျိုပျိုမေလေးတွေရဲ့အသည်းစွဲပဲ ဖြစ်ပါတယ်။

Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Phyu Phyu Kyaw Thein's FB Page

ကျော်ထက်အောင်အနေနဲ့ နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရသလို ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်သလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတဲ့ ကျော်ထက်အောင်က အခုလည်း ဖြူဖြူကျော်သိန်းဆီကို အလည်သွားခဲ့တာ ဖြစ်ပါတယ်။ ကျော်ထက်အောင်ကတော့ ဖြူဖြူနဲ့ဆုံတုန်း အမှတ်တရလက်ဆောင်လေးပေးရင်း စကားလက်ဆုံကျခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Kyaw Htet Aung's FB Acc

ကျော်ထက်အောင်က " လူကြီးဆုံရာနဲ့စကားပြောဖြစ်တယ် သူလိုချင်နေတာ အလိုလိုသိတာမျိုး သဝန်တိုတာအရမ်းချစ်လို့ သူလုပ်ထားတဲ့ Brownie သူဖျော်တိုက်တဲ့ cafe သောက်ရင်း " ဆိုပြီး ဖြူဖြူနဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကျော်ထက်အောင်နဲ့ ဖြူဖြူကျော်သိန်းတို့ကတော့ " Myanmar Idol" သီချင်းဆိုပြိုင်ပွဲကြီးမှာ အလုပ်အတူတူလုပ်ကိုင်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထက်အောင်နဲ့ ဖြူဖြူကျော်သိန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Kyaw Htet Aung's FB Acc

Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Kyaw Htet Aung's FB Acc
Photo Credit-Phyu Phyu Kyaw Thein's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။