Mobile Legends ရဲ့အရပ်လေးမျက်နှာက Hero တစ်ယောက်ဖြစ်တဲ့ Ling ဟာဆိုရင်တော့ High Rank မှာ ပေါ်ပြီး သိပ်မကြာခင်မှာပဲ Ban ခံနေရပြီဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖမ်းရခတ်ပြီး Late Game မှာ Damage တော်တော်များများ ပေးနိုင်လို့ဖြစ်ပါတယ်။ သွေးကတော့ပျော့ပေမဲ့လဲ တစ်ချက်တစ်ချက် နံရံပေါ်ကဆင်းလာပြီး ခုတ်ချက်တွေက သေလို့သေမှန်းတောင်မသိလိုက်ရပါဘူး။  

Skill 1 ကတော့ နံရံပေါ်တက်လို့ရတာဖြစ်ပြီး ဆင်းခုတ်ရင် Critical Damage ထိစေပါတယ်။ Skill 1 Level မြင့်လေ Critical Chance ပိုမြင့်လေပါပဲ။ Skill 2 ကတော့ ဓါးနဲ့ပြေးပြေးထိုးတာဖြစ်ပြီး Damage ထိစေပါတယ်။ နံရံပေါ်မှာရှိနေရင်တော့ ရန်သူဆိကိုပြေးဝင်ကာ နှေးစေပါလိမ့်မယ်။ Ultimate ကတော့ သူဟာကိုယ်ပျော်သွားပြီး ဓါးစက်ဝိုင်းကြီးပေါ်လာပြီး AOE Damage ပေးစေပါတယ်။  

အဲ့ကျလာတဲ့ ဓါးတွေကို လိုက်ကောက်ရင် ကိုယ်ဖော့လို့ရတဲ့ အဖြူတန်လေးပြည့်ပါလိမ့်မယ်။ Passive ကတော့ သူဟာနံရံပေါ်တက်နိုင်ပြီး အဲ့ပေါ်မှာနေရင် ကိုယ်ဖော့တဲ့ Point 2 ခုကိုအပိုပြန်ဖြည့်ပေးပြီး ရန်သူကို Damage ပေးတိုင်း 5 မှတ်ရစေပါတယ်။ Crit Chance 20 % ထိတိုးပေမဲ့ Crit Damage ကို ၅၀ရာခိုင်နှုန်းလျော့စေပါတယ်။ Battle ဆိုင်ရင်တော့ နံရံပေါ်အရင်တက်ထားပြီး Ulti သုံးပလိုက်ပါ။ Skill 2 နဲ့ Skill 1 ကိုသုံးရင် လူသတ်ပြီးတာနဲ့ နံရံပေါ်ပြန်တက်ပါ။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။