Plants vs Zombies ဆိုတဲ့ဂိမ်းလေးဟာဆိုရင်တော့ ပရိသတ်တွေ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက မရိုးနိုင်အောင် ဆော့ကစားခဲ့တဲ့ ဂိမ်လေးဆိုတာကို သိရှိကြမှာပါ။ ကိုယ့်ရဲ့အိမ်ထဲကိုမဝင်နိုင်အောင် ကိုယ့်ရဲ့ဦးနှောက်ကို ဖောက်မစားနိုင်အောင် အပင်လေးတွေနဲ့ Zombies တွေရန်ကနေ ကာကွယ်ဆော့ကစားရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ လူကြိုက်များခဲ့ပြီး ရေပန်းတော်တော်လေးလဲ စားခဲ့တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ယနေ့ချိန်ထိ ဆော့ကစားနေကြတုန်းပါပဲ။ 

အဲ့နောက်မှာတော့ Plants vs Zombies နဲ့ပတ်သတ်တဲ့ ဂိမ်းတော်တော်များများထွက်ရှိခဲ့ကြပြီး လူကြိုက်များခဲ့ကြပါတယ်။ နောက်ဆုံးထွက်ရှိထားတာကတော့ Plants vs Zombies: Battle for Neighborville ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးဆော့ကစားခဲ့တဲ့ Plants vs Zombies ကတော့ ၂၀၁၃မှာ Plants vs Zombies 2 ကို့ထွက်ရှိခဲ့ပါတယ်။ ဆော့ကစားလို့ရတဲ့ Platform ကတော့ အရင်လို PC တွေ ဘာတွေပေါ်မှာမဟုတ်ပဲ IOS နဲ့ Android ပေါ်မှာသာ ဆော့ကစားလို့ရပါတယ်။ 

ဖုန်းနဲ့ဆိုတော့လဲ သွားလေရာ ဆော့ကစားရတော့ အဆင်ပြေပါတယ်။ PVZ 2 မှာဆိုရင်တော့ အရင်ကထက် ပိုပိုပြီး အသစ်အဆန်းတော်တော်များများပါဝင်လာခဲ့ပါတယ်။ အပင်အသစ်တွေ သရဲအသစ်တွေစသဖြင့် ပါဝင်လာခဲ့ပြီး အခန်းအသစ်ပေါင်းများစွာလဲပါဝင်ခဲ့ပါတယ်။ Mode အသစ်တွေနဲ့အတူ ဆော့ကစာလို့ရပြီး ကမ္ဘာပေါင်း ၁၁ ခုလောက်ပါဝင်ထားပြီး အခန်းအဆုံးတိုင်းမှာ သင့်ကိုစောင့်နေတဲ့ Old Friend ကြီး Dr. Zomboss ကစောင့်နေပါတယ်။ Google Play မှာ 4.4 ရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။   

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။