လိုက်ဖက်ညီလွန်းလှတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ သတ်မှတ်ထားကြတာကတော့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ အနုပညာလောကမှာပရိသတ် အခိုင်အမာရထားတဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အနုပညာလောကမှာ အောင်မြင်သူတွေဖြစ်ရုံသာမက အချစ်ရေးလေးမှာလည်းပျော်ရွင်စရာအချိန်လေးတွေ ပိုင်ဆိုင်နေထားတာလည်း ဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်ကျော်ပြီပဲ ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကြည်နူးစရာကောင်းလွန်းနေတာပါ။ 

Photo Crd - Phyo Lay's FB Account
Photo Crd - Phyo Lay's FB Account
Photo Crd - Phyo Lay's FB Account

နှစ်ယောက်တူတူ ခရီးလေးတွေလည်းထွက်ရင်းပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက်လည်း အမြဲကူညီဖေးမတက်တဲ့ အရမ်းကိုလိုက်ဖက်တဲ့ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။သူတို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်ကနေတင် ပေးလေ့ရှိပြီး ပုံရိပ်တိုင်းက ကြည့်ရှုသူတိုင်းကို ကြည်နူးမှုတွေပေးနိုင်တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့ ချစ်သူနှစ်ဦးဟာ ပြင်ဦးလွင်မြို့ကို အပန်းဖြေရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Phyo Lay's FB Account
Photo Crd - Phyo Lay's FB Account
Photo Crd - Phyo Lay's FB Account

အခုမှာလည်း ဖြိုးလေးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူသီချင်းဆိုနေတာကို နောက်ကလိုက်ဆိုနေတဲ့ ချစ်သူဝါဆိုမိုးဦးကို Videoလေးခိုးရိုက်ထားတာပဲ ဖြစ်ပါတယ်။ ဝါဆိုဟာ သီချင်းဆိုတာကို ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် ချစ်သူဖြိုးလေးနဲ့ သီချင်းလေးတွေ အမြဲတွဲဆို ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝါဆိုမိုးဦးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Phyo Lay's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။