မင်းသမီးချောလေးနေခြည်ဦးကတော့ ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကျော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

Photo Credit : Nay Chi Oo Facebook Account
Photo Credit : Nay Chi Oo Facebook Account

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အထာကျကျ မိမိုက်ဂေါ်လွန်းနေတဲ့ အလှပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ချီကတော့ အမြဲလိုလို မရိုးနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ ပရိသတ်တွေကို အချစ်ပိုအောင်ဖမ်းစားနိုင်သူလေးလည်းဖြစ်ပါတယ်။

Photo Credit : Nay Chi Oo Facebook Account
Photo Credit : Nay Chi Oo Facebook Account

ပုံလေးတွေမှာ ဆွဲဆောင်မှုအပြည့်နဲ့ ချီချီတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချီချီကတော့ အမြဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတတ်သူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် နေခြည်ဦးရဲ့ အမိုက်စား ဖက်ရှင်ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Nay Chi Oo Facebook Account
Photo Credit : Nay Chi Oo Facebook Account

Source & Photo Credit : Nay Chi Oo Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။