အောင်မြင်ခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တဲ့ အဆိုတော်အောင်ထက်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကိုလည်း ရရှိထားသူလေးပဲ ဖြစ်ပါတယ်.။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်ထက်ကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူလေးဖြစ်ပြီး ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Aung Htet ' s facebook page
photo credit : Aung Htet ' s facebook page

အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ အောင်ထက်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး သီချင်းအသစ်လေးတွေ ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပွဲတွေမှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေလျက်ရှိနေတဲ့ အောင်ထက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

photo credit : Aung Htet ' s facebook page
photo credit : Aung Htet ' s facebook page
photo credit : Aung Htet ' s facebook page

အောင်ထက်ကတော့ ယခုမှာ ပါးဖောင်းဖောင်းလေး၊ အသားဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ တူလေးနဲ့ အတူ ပျော်ရွှင်နေခဲ့ပါတယ်။အောင်ထက်ကတော့ " ကိုယ့်တူလေးက ဦးဦးကိုလွမ်းနေတာဆိုပဲ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အောင်ထက်တို့ တူရီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: Aung Htet ' s facebook page

photo credit : Aung Htet ' s facebook page
photo credit : Aung Htet ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။