ပရိသတ်ကြီးရေ မင်းသားကျော်ကျော်ဗိုလ် ကတော့ အနုပညာလောကမှာ လျှောက်လှမ်းလာတာဆိုရင် နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ကျော်ဗိုလ် ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ် ကတော့ အမြဲပျော်ပျော်ရွှင်ရွှင် နေတက်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo
Photo & Video Credit - Kyaw Kyaw Bo

လတ်ရှိမှာတော့ ကျော်ကျော်ဗိုလ် က ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပြီး ချစ်ရတဲ့ မိသားလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေ့သစ်တွေကိုဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို အထူးဝါသနာကြီးလွန်တဲ့ ကျော်ကျော်ဗိုလ်ဟာ မကြာခဏဆိုသလို ရယ်စရာကောင်းလောက်တဲ့ ဟာသ tik tok လေးတွေကိုလည်း ဆော့ကစားတာကိုတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ကျော်ကျော်ဗိုလ် က ကြည့်မိသူတိုင်း ရယ်မောပျော်ရွှင်သွားစေလောက်မယ့် ဟာသ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်...။

Photo & Video Credit - Kyaw Kyaw Bo
Photo & Video Credit - Kyaw Kyaw Bo

ဒီဗီဒီယိုလေးထဲမှာတော့ ကျော်ကျော်ဗိုလ် က ဆန်းသစ်တဲ့ မြန်မာကကွက်လေးတွေနဲ့ ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားအောင် ဖန်တီးဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ကျော်ဗိုလ် က " ဒီလောက်ဆို ဦးချမ်း ဇာတ်ထဲမှာဘယ်လို စကေးနဲ့လိုက်ကခဲ့သလဲဆိုတာသိလောက်ပြီထင်ပါရဲ့ San Min , Han Zar Moe Win , Phoe Chit တို့ကို Challenge လုပ်ပါတယ် " ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ.. ချစ်ပရိသတ်ကြီးရေ တစ်နေ့တာရဲ့ အချိန်လေးတွေကို ပျော်ရွှင်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်အောင် ရယ်စရာကောင်းလောက်တဲ့ ကျော်ကျော်ဗိုလ် ရဲ့ ဟာသ tik tok ဗီဒီယိုလေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo

Source - Kyaw Kyaw Bo's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။