သဇင်ထူးမြင့်ကတော့ ရုပ်ရှင်သရုပ်ဆောင် ဦးခင်လှိုင်ရဲ့သမီးချောလေးဖြစ်တယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ သဇင်ထူးမြင့်က အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းကတည်းက ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သဇင်ထူးမြင့်က ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီလည်း ဖြစ်ပါတယ်။

Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc

သဇင်ထူးမြင့်ကိုတော့ ပရိသတ်တွေက သူမရဲ့ချစ်စဖွယ်အပြုံးလေးတွေ၊ အမူအရာလေးတွေကြောင့် အပြတ်အသတ် ကြွေနေရတာလည်း ဖြစ်ပါတယ်။ တစ်နေ့တခြားအရွယ်ရောက်လာပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ပိုပိုပြီး လှသွေးကြွယ်လို့နေတာပဲ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က ပရိသတ်တွေ အချစ်ပိုသွားစေလောက်အောင် ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ Tik Tok ကစားပြထားတာ ဖြစ်ပါတယ်။

Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc

သဇင်ထူးမြင့်က အရမ်းရစ်တတ်တဲ့ကောင်မလေးပုံစံနဲ့ အိုင်တင်လေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ်ပြကာ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်လည်းတော်တဲ့ သဇင်ထူးမြင့်ကတော့ စိတ်ကောက်နေတဲ့ပုံစံလေးနဲ့တောင် အရမ်းကို အသည်းယားစရာကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဇင်ထူးမြင့်ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Thazin Htoo Myint's Tik Tok Acc

Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc
@thel_tz

♬ original sound - Min Kha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။