ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် ထင်ရှားကျော်ကြားခဲ့တဲ့ ဂူဗိမာန်တွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မင်းဧကရာဇ်နှင့် မိဖုရားများ ကွယ်လွန်ခဲ့ပြီးနောက် သူတို့ကို သဂြိုဟ်မြှုပ်နှံရန် ခမ်းနားသော ဂူဗိမာန်များကို ဆောက်လုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း နှစ်ကာလ ရှည်ကြာလာတဲ့အချိန်မှာတော့ ထိုဗိမာန်တွေဟာ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံများဖြစ် နာမည်ကျော် လူသိများလာကြတာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဟွမ်မာယွန်ရဲ့ ဂူဗိမာန်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

photo credit pngtree

အိန္ဒိယနိုင်ငံ မဂို အင်ပါရာရဲ့ ဧကရာဇ် တစ်ပါးဖြစ်ခဲ့တဲ့ ဟွမ်မာယွန်ရဲ့ ဂူဗိမာန်ကို ၁၅၆၂ ခုနှစ်မှာ ဘုရင့်မိဖုရားက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟာမာယွန် ဂူဗိမာန်ဟာ အိန္ဒိယ တိုက်ငယ်တွင် ပထမဆုံးသော ဥယျာဉ်အတွင်း တည်ဆောက် ထားရှိတဲ့ ဂူဗိမာန်ဖြစ်ပါတယ်။ ထိုဂူရဲ့ တည်ဆောက်မှု ပုံစံများဟာ နောက်ပိုင်းကာလများမှာ ဂူဗိမာန်တွေကို မဂိုဗိသုကာ လက်ရာများဖြင့် ပြုလုပ်ခဲ့သော ထုံးတမ်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

photo credit pngtree

ထိုဂူဗိမာန်ဟာ နယူးဒေလီမြို့မှာ တည်ရှိပြီး ပါရှန်ဗိသုကာ လက်ရာများဖြင့် ၄၇ မီတာ(၁၅၄ ပေ) အမြင့် တည်ဆောက်ထားတာပါ။ အမိုးခုံး နှစ်ခုဟာ မာဘယ်ကျောက်ဖြူသားဖြင့် ပြုလုပ်ထားပြီး အပြင်ပိုင်းအလှကို ပို၍ ပံ့ပိုးပေးထားပါတယ်။ ဗိမာန်ရဲ့ အတွင်းပိုင်းက လိုဏ်ဂူကြီး တစ်ခုသဏ္ဍာန် ပုံဖော်ထားတာပါ။ ဗိမာန် အပြင်ပိုင်းရဲ့ ဖြူဖွေးနေမှုကို ဆန့်ကျင်လျက် ဗိမာန်ရဲ့ ကျန်အစိတ်အပိုင်းတွေကို အနီရောင် သဲကျောက်များဖြင့် ပြုလုပ်ထားပါတယ်။ ဧက ၃၀ ကျယ်ဝန်းပြီး ပါရှန်ဟန် အတိုင်းပြုလုပ်ထားသော ဥယျာဉ်အလယ်မှာ ဟွမ်မာယွန်ရဲ့ ပင်မ အုတ်ဂူကြီးကို ရှစ်နှစ်ကြာ တည်ဆောက်ခဲ့ရပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။