သရုပ်ဆောင်ကောင်းပီး ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စမိုင်းလ်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မယ်ထင်ပါတယ်နော်။စမိုင်းလ်တို့မိသားစုလေးကတော့ စည်းစည်းလုံးလုံးနဲ့ အမြဲတမ်း ပျော်စရာကောင်းတဲ့ မိသားစုလေးမို့ ကြည်နူးစရာကောင်းလှပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

ဇာတ်ကားတွေမှာလည်း ကျရာနေရာကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ သရုပ်ဆောင်အလုပ်တွေနဲ့ ဝေးကွာခဲ့သူဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။မကြာခဏဆိုသလို အလှူဒါန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

လတ်တလောမှာတော့ ပန်းရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ မွေးနေ့ပွဲ အမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ စမိုင်းလ်တစ်ယောက် ခုချိန်ထိနုပျိုလှပလွန်းနေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် စမိုင်းလ်ရဲ့ မွေးနေ့ အမှတ်တရ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

Source : Nay Min Tun Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။