ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လန်ဒန်မြို့က လည်ပတ်ချင်စရာကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Warner Bros Studio" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လန်ဒန်မြို့သို့ ရောက်ရှိလာကြသူတွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နေရာကတော့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား ပေါင်းမြောက်များစွာကို ရိုက်ကူးထုတ်လုပ်ခဲ့သော ဝါနာဘရားသား ရုပ်ရှင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ စတူဒီယိုလည်း ဖြစ်ပါတယ်။

photo credit pngtree

ဝါနာဘရားသားဟာ အမေရိကန်နိုင်ငံရဲ့ ဖျော်ဖြေရေး ကုမ္ပဏီကြီးဖြစ်ကာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာဘန့်မှာ ရုံးချုပ်ဖွင့် လှစ်ထားပါတယ်။ ၁၉၂၃ခုနှစ်မှာ ထူထောင်ခဲ့တဲ့ ဝါနာဘရားသားဟာ ရုပ်ရှင်ဇာတ်လမ်းများ၊ ရုပ်သံဇာတ်လမ်းများ၊ ဗီဒီယိုဂိမ်းများ ထုတ်လုပ်လျက်ရှိပြီး စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရှစ်ခုကို ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံ အကုန်အကျခံကာ ရိုက်ကူးထုတ်လုပ်ခဲ့ရာ ဝင်ငွေဒေါ်လာ ၈ ဒသမ ၂ ဘီလီယံရရှိခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အမေရိကန်နိုင်ငံမှ ဝါနာဘရားသားနှင့် ဗြိတိသျှနိုင်ငံမှ Heyday ကုမ္ပဏီတို့ ပူးတွဲပြီး ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ ဝါနာဘရားသား စတူဒီယိုကို လန်ဒန်မြို့လယ်မှ အနောက်မြောက်ဘက် ၂၉ ကီလိုမီတာမှာ ၂၀၁၂ ခုနှစ်၊မတ်လ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ လူပေါင်း ၆၀၀၀ လာရောက်ကြည့်ရှုကြပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကားများရိုက်ကူးခဲ့စဉ်က မြင်ကွင်းများကို ကြည့်ရှုနိုင်မယ့် ခရီးစဉ်ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကားများ ရိုက်ကူးခဲ့စဉ်က အသုံးပြုခဲ့တဲ့ စက်တင်များ၊ အဝတ်အစားများ၊ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များကို မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ ရိုက်ကူးခဲ့တုန်းက ပါဝင်ခဲ့တဲ့ the Great Hall၊ Dumbledore's office နှင့် Hagrid's hut အစရှိတဲ့ နေရာများသို့ ဝင်ရောက်ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။