ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သမီးလေး Treasure ကို အရမ်းချစ်ပြီး အချိန်ပြည့်ဂရုစိုက်ပေးနေကြတာပါနော်။စန္ဒီမြင့်လွင်ဟာဆိုရင်လည်း သမီးလေးရဲ့ဝေယျာဝစ္စမှန်သမျှကို သူမကိုယ်တိုင်လုပ်ဆောင်ပြီး ပြုစုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's IG Acc
Photo Credit:Thiha Lwin's IG Acc
Photo Credit:Thiha Lwin's IG Acc

စန္ဒီမြင့်လွင်တို့မိသားစုလေးက သာယာအေးချမ်းပြီး ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကလည်းချစ်နေရပြီး အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။Treasure လေးကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကာ တစ်နေ့တစ်ခြားလည်းမေမေနဲ့ပိုပိုတူလာပါတယ်နော်။မျက်လုံးဝိုင်းဝိုင်းလေးတွေ၊နှုတ်ခမ်းလှလှလေးတွေက အသည်းယားစရာကောင်းလောက်အောင် အရမ်းလှတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's IG Acc
Photo Credit:Thiha Lwin's IG Acc

Treasure လေးရဲ့ဖေဖေ ကိုသီဟလွင်ကလည်း သမီးချောလေးကို အရမ်းချစ်ပြီး အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့အတူ ဆော့ကစားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း Treasure လေးတို့ သားအဖနှစ်ယောက်က အတူတူဓာတ်ပုံရိုက်နေကြတာဖြစ်ပြီး Treasure လေးကလည်း ကင်မရာကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်တတ်နေပြီဖြစ်လို့ သားအဖနှစ်ယောက်လုံး ချစ်ဖို့ကောင်းနေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thiha Lwin's IG Acc
Photo Credit:Thiha Lwin's IG Acc
Photo Credit:Thiha Lwin's IG Acc

Source&Photo Credit:Thiha Lwin's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။