ပရိသတ်ကြီးရေ ဂီတလောကထဲကမှာ ထွန်းတောက်နေတဲ့ အဆိုတော်မလေး အေးမြဖြူ ဟာ နေရာတစ်ခုကို အခိုင်မာရပ်တည်နိုင်ခဲ့ပါပြီးနော်..။ အေးမြဖြူး ကတော့ Myanmar Idol Season - 4 အဆိုပြိုင်ပွဲကြီးမှာတော့ ခေတ်ပေါ်သီချင်းတွေအပြင် မြန်မာသံစဉ်တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်ရံခြင်းကို ရရှိထားခဲ့တာဖြစ်ပါတယ်။ အေးမြဖြူး ဟာ ငယ်ရွယ်စဉ်ကတည်းက အဆိုပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပဲဖြစ်ပါတယ်။

Photo & Video Credit - AYE MYA PHYU
Photo & Video Credit - AYE MYA PHYU

လတ်ရှိမှာတော့ အေးမြဖြူ ဟာ ပရိသတ်တွေအတွက် ထပ်တူကျစေမယ့် သီချင်းတွေကိုလည်း ဖန်တီးနေပြီး သူမရဲ့ Official facebook Page ကနေ ဖော်ပြပေးသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အချစ်တော်လေး အေးမြဖြူ က ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း အေးမြဖြူ က လွမ်းနေတဲ့ ချစ်ပရိသတ်အတွက် Live ဗီဒီယိုလေးကို ဖော်ပြပေးလာခဲ့ပါတယ်။

Photo & Video Credit - AYE MYA PHYU
Photo & Video Credit - AYE MYA PHYU

ဒီ live ဗီဒီယိုလေးထဲမှာတော့ အေးမြဖြူ က မျက်နှာပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းနေပြီး လွမ်းနေတဲ့ ချစ်ပရိသတ်တွေနဲ့ အတူ တရင်းတနှီး စကားတွေပြောနေတာပဲဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းပြီး တစ်နေ့တခြား ပိုပို ချစ်ဖို့ကောင်းလာတဲ့ အေးမြဖြူ ရဲ့ Live ဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ...ချစ်ပရိသတ်တွေလည်း အေးမြဖြူးလေးကို အရင်ကထပ် ပိုပိုချစ်ပေးပြီး ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်ကောင်း တစ်ယောက်ဖြစ်အောင် ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။

Photo & Video Credit - AYE MYA PHYU

Source - AYE MYA PHYU's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။