အဆိုတော်ပိုပိုကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေကို သီဆိုခဲ့တဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

photo credit : ပိုပို 's facebook page
photo credit : ပိုပို 's facebook page

သီချင်းအသစ်လေးတွေကို ပရိသတ်တွေရဲ့ရှေ့ကို ချပြလေ့ရှိတဲ့ သူမကတော့ နောက်ထပ်သီချင်းအသစ်လေးတွေလည်း ထွက်ရှိဖို့ကြိုးစားလျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ Million Dreams Studioမှာ အသံသွင်းရင်း စားကြသောက်ကြနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ သူမရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : ပိုပို 's facebook page
photo credit : ပိုပို 's facebook page

သူမကတော့ " ချစ်ရတဲ့ မိတ်ဆွေတွေနဲ့ Million Dreams Studioမှာ အသံသွင်း တယ်စားကြသောက်ကြ ပွားကြနဲ့ ပျော်စရာကြီး(နောက်ဆုံးပုံကတော့ အများကြီးစား နေပုံ) " ဆိုပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုရဲ့ ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ စားသောက်ကြပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: ပိုပို 's facebook page

photo credit : ပိုပို 's facebook page
photo credit : ပိုပို 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။