ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီးနေမျိုးအောင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်ရပ်တည်နေခဲ့ပြီး အကြမ်း အနု ဇာတ်စုံရတဲ့ မင်းသားကြီးဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့နေခဲ့တဲ့ သူပါနော်။ ဗီဒီယိုဇာတ်ကားများစွာကို တိကျပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တဲ့ နေမျိုးအောင်က အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေသူလည်းဖြစ်ပါတယ်.။ နေမျိုးအောင်ရဲ့ သာယာပျော်ရွှင်ပြီး နွေးထွေးတဲ့ မိသားစုလေးကို ပရိသတ်တွေက အားကျချစ်ခင်နေတာလည်းဖြစ်ပါတယ်.....။

Photo credit - အာဗြဲစိန်'s FB page
Photo credit - အာဗြဲစိန်'s FB page

နေမျိုးအောင်က အိမ်မှုကိစ္စနိုင်နင်းပြီး အရာရာကို သိတက်နားလည်တဲ့ ချစ်ဇနီးချောလေးနဲ့အတူ သားချောလေး နှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးလှုပ်ငန်းတွေလည်း တည်ထောင်ထားတဲ့ မင်းသားကြီးနေမျိုးအောင်က အခုလက်ရှိမှာလည်း အာဗြဲစိန် ငါးပိ ငံပြာရေရောင်းဝယ်ရေးဆိုတဲ့ လုပ်ငန်းလေးကို ဇနီးချောလေးနဲ့အတူ လုပ်ငန်းနေတာပါနော်။ လုပ်ငန်းလေးက ရရှိတဲ့ အမြတ်အစွန်းလေးနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တက်နိုင်သလောက်လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်.......။

Photo credit - အာဗြဲစိန်'s FB page
Photo credit - အာဗြဲစိန်'s FB page

ယနေ့မှာလည်း နေမျိုးအောင်တို့ ဇနီးမောင်နှံက "အာဗြဲစိန် ငါးပိ ငံပြာရေရောင်းဝယ်ရေး အမြတ်အစွန်းမှလှူဒါန်းပါသည် ဘိုးဘွားများတနေ့တာ အာဟာရ နှင့် ပဒေသပင်အတွက်ပါ" ဆိုတဲ့ စာသားလေးနဲ့အတူ တနေ့တာ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ... ချစ်ရတဲ့ ပရိသတ်တွေအတွက် မင်းသားကြီး နေမျိုးအောင်တို့ မိသားစုရဲ့ တနေ့တာ အလှူပြုမှုများကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..........။

Photo credit - အာဗြဲစိန်'s FB page
Photo credit - အာဗြဲစိန်'s FB page

Source & Photo credit - အာဗြဲစိန်'s FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။