ပရိတ်သတ်ကြီးရေ.....ချစ်စရာကောင်းပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘ၀လေးကို တည်ထောင်ထားကြတဲ့ အနုပညာရှင်ဆယ်လီမိသားစုများထဲတွင် ဆုပန်ထွာတို့လည်းအပါအ၀င်ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ဟာလည်း ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး Roar Roar Kyawကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

ဥက္ကာကျော်ဟာ ဆုပန်ထွာရဲ့အနုပညာလှုပ်ရှားမှုတွေအတွက်လည်း နောက်ကွယ်ကနေကူညီအားဖြည့်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဆုပန်ထွာကလည်း အနုပညာအလုပ်တွေအပြင် အိမ်မှုကိစ္စတွေကိုပါ နိုင်နင်းတဲ့အိမ်ရှင်မကောင်းတစ်ဦးဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူ ကိုဥက္ကာတစ်ယောက်ကတော့ အချစ်တွေပိုပြီးရင်းပိုနေရတာပါနော်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

ဆုပန်ထွာတို့မိသားစုလေးဟာ ချစ်ချစ်ခင်ခင်နဲ့ သာယာအေးချမ်းစရာကောင်းတာကြောင့် ပရိတ်သတ်တွေအားကျ ချစ်ခင်ရတဲ့မိသားစုလေးလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ဥက္ကာကျော်ဟာ သူ့ရဲ့ Facebookစာမျက်နှာတွင် "ငယ်တုန်းလေး ဖေ့ကိုကပ်တုန်း အချိန်..." ဆိုတဲ့ captionလေးနဲ့ roar roar kyawလေး ဆံပင်သွားညှပ်ရင်းပျော်ရွှင်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

Source-Okkar Kyaw's Facebook acc

Photo credit-Okkar Kyaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။