မင်းသမီးချောလေးစမိုင်းလ်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်က ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး ​ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ကြည်နူးစရာကောင်းပြီး ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်.....။

Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်
Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်

ချစ်စရာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူမကတော့ သမီးလေးနဲ့ အတူ ပျော်စရာအချိန်တွေကို အတူတူဖြတ်သန်းနေပါတယ်။အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ လှူတန်းတတ်ပြီး ကောင်းမှုကုသိုလ်တွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ယနေ့မှာလည်း စမိုင်းလ်တို့ မိသားစုလေးက ဘုရားသွားပြီး ကုသိုလ်ကောင်းမှူတွေကို ပြုလုပ်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်....။

Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်
Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်

" အလှတွေပြင်ပြီးဘုရားသွားတာ ဘုရားကပိတ်ထားတော့ဘာပြောလဲ ပြန်လာရတာပေါ့" ဆိုပြီး ဆက်လက်ရေးသားထားပါသေးတယ်။ လှလှပပပြင်ဆင်ပြီးမှ ဘုရားမသွားရတဲ့အတွက် အိမ်မှာပဲ သားအမိတွေ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချော စမိုင်းလ်တို့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်
Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်

Source & Photo credit - "စမိုင်းလ် Smile" ဖေ့ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။