ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ သီချင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးလက်ခံမှုကို ရရှိထားသူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်။ သူမဟာ သီချင်းတော်တော်များများကိုလည်း ကိုယ်တိုင်ရေးသား သီဆိုတတ်တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ ချစိမဝဖြစ်နေရသူလည်း ဖြစ်ပါတယ်။ 

Photo Crd- Po Po’s Facebook Page
Photo Crd- Po Po’s Facebook Page
Photo Crd- Po Po’s Facebook Page

ပိုပိုဟာ တေးသီချင်း Album တွေများလည်း ထွက်ရှိခဲ့သူဖြစ်ပြီး မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် " ဖြေ " ဆိုတဲ့ Music Video လေးကို ဖြန့်ချီထားတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ဂီတအလုပ်ကို အရမ်းကိုရူးသွပ်လွန်းသူဖြစ်တာကြောင့် သီချင်းတွေနဲ့သာ အမြဲပျော်မွေ့နေတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ မကြာခဏ ဆိုသလိုလည်း Tik Tok Video လေးတွေ ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှလေ့ရှိသူ တစ်ယောက်ပါ။

Photo Crd- Po Po’s Facebook Page
Photo Crd- Po Po’s Facebook Page
Photo Crd- Po Po’s Facebook Page

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခွီဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

ဒါကတော့ ကောင်လေးချောလို့ FB အကောင့်သွားမေးတာကို ကိုယ့်ထက်ပိုနွဲ့နေလို့ ပြေးလာရတဲ့ ပိုပိုနဲ့ဆူဇီတို့ရဲ့ အခွီ Video လေးပဲ ဖြစ်ပါတယ်။ " ဘဲလေးတွေ ချောပြီဆို သတိထား " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Po Po’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။