မင်းသမီးချောလေး သဥ္ဇာနွယ်ဝင်းကတော့ နုဖတ်လှပတဲ့မျက်နှာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အပျိုအရွယ်ကတည်းက အားလုံးငေးအောင်လှခဲ့တဲ့ သဥ္ဇာနွယ်ဝင်းက ကလေးနှစ်ယောက်အမေဖြစ်သွားတာတောင် ပျိုမျစ်နုနယ်စွာလှနေဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သဥ္ဇာနွယ်ဝင်းက သူမရဲ့သားနဲ့သမီးကို ပြုစုစောင့်ရှောက်ရင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

သဥ္ဇာနွယ်ဝင်းက သူမအပေါ်မှာနွေးထွေးမှုပေးနိုင်တဲ့ ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျခဲ့ပြီးအများကအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေအနေနဲ့ကတော့ သဥ္ဇာနွယ်ဝင်းကိုသာမက သူမရဲ့သားနဲ့သမီးကိုပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။ သဥ္ဇာနွယ်ဝင်းရဲ့သားနဲ့သမီးလေးတို့ကလည်း ချစ်မွေးပါပြီး တစ်ယောက်တစ်မျိုးစီ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေပဲ ဖြစ်ကြပါတယ် ။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

အခုလည်း မေမေသဥ္ဇာနွယ်ဝင်းက ညဥ့်နက်တဲ့အထိ မအိပ်သေးဘဲ အပီအပြင်ဆော့နေကြတဲ့ သားနဲ့သမီးကို ဗီဒီယိုလေးရိုက်ပြီး ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ် ။ အဆော့မက်တဲ့ Peach လေးတို့မောင်နှမကတော့ သူတို့စိတ်တိုင်းကျဆော့နေကြတဲ့ ပုံစံလေးတွေကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဥ္ဇာနွယ်ဝင်းရဲ့သား Peach လေးနဲ့ သမီးလေး Tulip တို့ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thinzar Nwe Win's FB Acc

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။