ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် မြင်သူတိုင်းငေးမောရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သူဖြစ်တာကြောင့် ကိုယ်လုံးလေးက ကျစ်လစ်သွယ်လျပြီး မိန်းကလေးချင်းတောင် အားကျနေရတာလည်း ဖြစ်ပါတယ်။ ဆိုဆိုဟာ အမြဲလိုလိုလည်း ဖက်ရှင်အမိုက်စားလေးတွေကို ရွေးချယ်ဝတ်ဆင်တတ်သူ ဖြစ်တာကြောင့် သူမရဲ့ ကိုယ်လုံးအလှတရားတွေကို ပိုမို ပေါ်လွင်နေတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account

ဆိုဆိုဟာ ပွဲအခမ်းအနားတွေလည်း အမြဲလိုလို တက်ရောက်နေရတာပဲဖြစ်ပြီး သူမရဲ့ ပွဲတက်ဖက်ရှင်လေးတွေဟာလည်း လူကြားထဲမှာ ထင်းကနဲပေါ်လွင်စေတာပါ။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ ချစ်သူနဲ့အတူ အပန်းဖြေခရီးတွေ သွားရောက်လည်ပတ်နေတာလည်း ဖြစ်ပါတယ်။ လှုပ်ရှားမှုတိုင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အမြဲတမ်း ဝေမျှပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account

ဒါကတော့ ရေကူးကန်ထဲမှာ ညှို့အားပြင်းပြင်းနဲ့ စိမ်ပြေနပြေရေစိမ်ကာ အပန်းဖြေအနားယူနေတဲ့ ဝါဆိုမိုးဦးရဲ့အမိုက်စား Video လေးပဲ ဖြစ်ပါတယ်။ ဆိုဆိုရဲ့ အလှတွေဟာ မြင်တွေ့သူတိုင်း အခါခါငေးမောရလောက်အောင် ဆွဲဆောင်ထားနိုင်တဲ့ ပုံစံလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဆိုဆိုရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Warso Moe Oo's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။