ချစ်ပရိသတ်ကြီးရေ လတ်တလော မိန်းလှလေးတွေကြားမှာနာမည်ကြီးနေသူလေး တိုင်ရွန်ကို အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။တောင့်တင်းတဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ်ထားတဲ့ အမိုက်စားတတ်တူးတွေကလည်း မိန်းမလှလေးတွေကို အဓိကကြွေစေတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။တဖြည်းဖြည်း နာမည်ရအောင်မြင်မှုတွေပိုင်ဆိုင်လာတဲ့ တိုင်ရွန်က အမြဲလိုလို ရိုက်ကူးရေးတွေနဲ့ အလုပ်တွေမနားတမ်း လုပ်နေရတာလည်းဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

အလုပ်တွေကို ကြိုးစားလုပ်ကိုင်တဲ့ တိုင်ရွန်က မိဘကိုသိတတ်တဲ့ သားလိမ္မာလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးနေသူလေးလည်းဖြစ်ပါတယ်။တိုင်ရွန်ကတော့ ပရိသတ်တွေကို အမိုက်စားပုံစံတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။တိုင်ရွန်ကတော့ Gym လည်းအမြဲပုံမှန် ကစားတာကြောင်တောင့်တင်းသန်မာတဲ့ Body မျိုးနဲ့ စတိုင်ကျတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။သူကတော့ နောက်ပိုင်းမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေပြီးဖော်ရွေဖြူစင်တဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုမိုပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

လတ်တလောမှာလည်း ခရီးထွက်ရှိနေတာဖြစ်ပြီး အထာကျကျဆိုင်ကယ်ကိုအမိုက်စားစီးပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးဟာ အချိန်ခဏလေးတွင်းမှာပဲ ကြည့်ရှုသူများပြားခဲ့တာလည်းဖြစ်ပါတယ်။အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် တိုင်ရွန်ရဲ့ အမိုက်စား ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။