မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦး ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် နေရာတစ်နေရာရရှိပြီး အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်သလို အကနဲ့ပတ်သက်ရင်လည်း ထူးချွန်သူလေး ဖြစ်ပါတယ်။ အကကိုဝါသနာပါတဲ့ ဖြူဖြူထွေးက Tik Tok မှာ အပျော်တမ်းအကဗီဒီယိုလေးတွေ မကြာခဏ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သီချင်းတီးလုံးလေးအတိုင်း ခန္ဓာကိုယ်လေးကို စည်းချက်ကျကျလှုပ်ခါပြီး အမိုက်စားကကွက်တွေနဲ့ အပီအပြင် ကပြထားတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc

လူငယ်ဆန်ပြီး ခေတ်မှီဆန်းသစ်တဲ့ဖက်ရှင်လေးကို ဝတ်ဆင်ထားတဲ့ ဖြူဖြူထွေးကတော့ စတိုင်ကလည်း တကယ့်ကိုအလန်းစားဖြစ်လို့နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းလေးနဲ့အားရပါးရကပြထားတဲ့ ဖြူဖြူထွေးရဲ့ပုံစံလေးကလည်း အရမ်းကိုထိမိပြီး ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's Tik Tok Acc
@phyuhtwe777

♬ FOLLOW DJOEZMIN - bxtchsounds.s

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။