ပရိသတ်ကြီးရေ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမတူအောင်လှတဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်အများအပြားကိုသူမကိုချစ်နေရတာဖြစ်ပါတယ်။သူမမွေးထားတဲ့ သမီးချောလေး Scarlett လေးကလည်း အမေတူလေးဖြစ်ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook Account

မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာနေတာဖြစ်ပြီး Our Travel Diaries Page လေးမှာတော့ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကို Blog အဖြစ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။မြတ်ရတနာကျော်တို့မိသားစုလေးက သာယာအေးချမ်းပြီး ချစ်စရာကောင်းတဲ့မိသားစုလေးဖြစ်လို့ ပရိသတ်တွေကစောင့်ကြည့်အားပေးနေကြတာပါနော်။မြတ်ရတနာကျော်ကလည်း သမီးတစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာဖြစ်ပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account

Scarlett လေးကတော့ အမေတူလေးဖြစ်လို့ မျက်လုံးဝိုင်းဝိုင်းလေးတွေကိုပိုင်ဆိုင်ထားတဲ့အပြင် အမေ့လိုပဲ ကြီးလာရင်အရမ်းချောမယ့်ကလေးလေးပါနော်။Scarlettလေးက ရေကစားရတာကိုအရမ်းကြိုက်နှစ်သက်လို့ အခုဆိုရင်လည်း ကလေးကစားတဲ့ရေကူးကန်လေးမှာ ရေကူးဝတ်စုံသေးသေးလေးကိုဝတ်ဆင်ပြီး ပျော်ရွှင်စွာရေကစားနေတာဖြစ်ပါတယ်။Scarlettလေးကတော့ ရေဆော့ရတာ ပျော်ရွှင်လွန်းလို့ ခိုးခိုးခစ်ခစ်နဲ့ရယ်မောနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account

Source&Photo Credit:Myat Yadanar Kyaw's Facebook Account

Video Credit:Myat Yadanar Kyaw's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။