ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးနေခြည်ဦးကတော့ Beauty Blogger တစ်ယောက်ကနေ ယခုဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးကတော့ စကားပြောရင်လည်း ချစ်စရာအမူရာလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတက်ပြီး ထက်မြတ်တဲ့ မိန်းကလေးဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကချစ်ခင်ရတဲ့သူလေးပဲဖြစ်ပါတယ်။

Photo Credit - Nay Chi Oo

ဝတ်စားဆင်ယဉ်မှုမှာလည်း ခေတ်ပေါ်အမိုက်စားဖက်ရှင်တွေအပြင် ရိုးရိုးယှဉ်ယှဉ် မြန်မာဝတ်စုံလေးတွေကို လိုက်ဖက်ညီညီ ဝတ်ဆင်တာကိုလည်းတွေ့ရပါတယ်။ နေခြည်ဦးကတော့ ပြည်တွင်း ၊ ပြည်ပတွေကို အပန်းဖြေ ခရီးထွက်လေ့ရှိပြီး သူမရဲ့ ခရီးသွားမှတ်တွေကိုလည်း အမြဲဖော်ပြလေ့ရှိပါတယ်။ယခုမှာဆိုရင်လည်း မင်းသမီးချောလေး နေခြည်ဦး က လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nay Chi Oo

ဒီပုံလေးတွေထဲမှာတော့ မင်းသမီးချောလေး နေခြည်ဦး က လူငယ်လေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေနဲ့ ရင်ခုန်စရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂါဝန်လေးနဲ့လည်း လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုစေမှာအမှန်ပါနော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ယုံကြည်မှုအပြည့် လူငယ်လေးတစ်ယောက်လို ဆွဲဆောင်မှုရှိရှိ ချစ်အားပိုစေမယ့် မင်းသမီးချောလေး နေခြည်ဦးရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးခဲ့လိုက်ပါဦးနော်။

Photo Credit - Nay Chi Oo

Photo Credit - Nay Chi Oo

Source - Nay Chi Oo facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။