သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်ပြီး သမီးလေးတွေ မွေးဖွားပြီးနောက်ပိုင်းမှာတော့ ကလေးတွေကို အချိန်ပြည့်ပေးနိုင်ရန်အတွက် ရုပ်ရှင်လောကမှ အနားယူလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ယနေ့ချိန်ထိ ကြည့်ရှုအားပေးနေကြဆဲပဲ ဖြစ်ပါတယ်။ 

Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account

နန္ဒာဟာ အိမ်မှုကိစ္စတွေနိုင်နင်းရုံသာမကဘဲ စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ မောင်နှမတွေနဲ့အတူ စုပေါင်းကာ ခြံထွက် သီးနှံတွေလည်း ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိသားစုနဲ့အတူ ဘားအံမြို့ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း ခင်ပွန်းဖြစ်သူ ဇေသီဟရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးနှစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account

ဒါကတော့ အုန်းနို့ခေါက်ဆွဲတွေ အားရပါးရစားသောက်နေတဲ့ ယောက်ဖဖြစ်သူကိုဆေးထိုးကာ စနောက်လိုက်တဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ " ယောက်ဖကို အရက်နဲ့ အုန်းနို့ခေါက်ဆွဲကျွေး ထားတယ်။ " ဆိုပြီးလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် မောင်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Zay Thiha's and Nandar Hlaing's FB Account 

Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account
Photo Crd - Zay Thiha's and Nandar Hlaing's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။