source - Ninjas in Pyjamas twitter

Ninjas in Pyjamas ကတော့ အသင်းမှာကျန်ရှိနေတဲ့ Valorant players တွေအားလုံးနဲ့ လမ်းခွဲခဲ့ပါတယ်။

NiP အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ 16 ရက်နေ့မှာ DiGeDoG ကိုအသင်းကနေ ထွက်ခွာခွင့်ပြုပြီးနောက် မနေ့က ဇွန်လ 25 ရက်နေ့မှာ ကျန်ရှိနေတဲ့ players တွေအားလုံးနဲ့ လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။

NiP လမ်းခွဲခဲ့တဲ့ Valorant players တွေကတော့ bonker , Tenner , Alex နဲ့ coach ဖြစ်သူ Bird တို့ပဲဖြစ်ပါတယ်။

NiP အနေနဲ့ ၎င်း players တွေနဲ့ လမ်းခွဲပြီးနောက်မှာတော့ rhyme နဲ့ luckeRRR တို့ကိုပြန်လည်ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း NiP ဟာ သူတို့ရဲ့ Valorant team အတွက်လိုအပ်နေတဲ့ coach နဲ့ နောက်ထပ် plyaers သုံးယောက်ကို ရှာဖွေနေတာပဲဖြစ်ပါတယ်။

source - Ninjas in Pyjamas twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။