ချစ်ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာကာ သူရဲ့အမာခံပရိသတ်တွေကလည်း သူ့အပေါ် အချစ်မလျော့သွားပဲ ပိုပိုချစ်လာတာတွေ့ရပါတယ်။အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်က ထိုင်းနိုင်ငံကို မကြာခဏသွားရောက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit : May Chit Thway
Photo Credit : May Chit Thway

ပိုင်တံခွန်ကတော့ ကြော်ငြာ၊ သီချင်းဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေလည်း ဆက်တိုက်ဆိုသလို တက်ရောက်နေရတဲ့ ပိုင်တံခွန်က တဖြည်းဖြည်းနဲ့ ကျော်ကြားအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘုန်းဘုန်းရဲ့မွေးနေ့အလှူပွဲလေးကို စံပြဆေးရုံမှာ ကာယာဒါနအလှူအနေနဲ့ပါဝင်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : May Chit Thway
Photo Credit : May Chit Thway

ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာအမှန်ပဲဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ပိုင်တံခွန်ရဲ့ အလှူ အမှတ်တရ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : May Chit Thway
Photo Credit : May Chit Thway

Source : Paing Takhon Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။