ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ ရှေးဟောင်းသင်္ချိုင်းတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နာမည်ကျော်ထင်ရှားတဲ့ ရှေးဟောင်း သင်္ချိုင်းတွေထဲကမှ "Udegram Cemetery" လို့အမည်ရတဲ့ သမိုင်းဝင် သင်္ချိုင်းအကြောင်းကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ၊ "Swat" တောင်ကြားမှာရှိနေတဲ့ သင်္ချိုင်းဂူ ၃၂ လုံးဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀မှ ၃၀၀၀ အကြားက မြှုပ်နှံခဲ့သော ဂူများ ဖြစ်ပါတယ်။

photo credit pngtree

၂၀၁၂ ခုနှစ်မှာ အီတလီလူမျိုး ရှေးဟောင်း သုတေသန ပညာရှင် Luca Maria Oliveri ဦးဆောင်သောအဖွဲ့က ပါကစ္စတန်နိုင်ငံ၊ Swat တောင်ကြား၊ Udegram ကျေးရွာရှိ ရှေးဟောင်း သင်္ချိုင်းကို တွေ့ရှိကြောင်းကြေညာခဲ့ပါတယ်။ ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ကာဗွန်စမ်းသပ်မှုဖြင့် မတွက်ချက်ခဲ့သော်လည်း ရှေးဟောင်းသုတေသနပညာရှင်များက ထိုရုပ်ကြွင်းတွေဟာ Dardic အသိုက်အဝန်းမှ ဖြစ်ကြောင်း ယုံကြည်ခဲ့ကြပါတယ်။

photo credit pngtree

ထိုသင်္ချိုင်းကို ခရစ်တော် မပေါ်မီ နှစ် ၂၀၀၀ ကုန်ချိန်မှ ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ အကြားမှာ အသုံးပြုခဲ့တယ်လို့ ယူဆကြပါတယ်။၁၉၅၀ ပြည့်နှစ်ဝန်းကျင်မှာ Udegram ကို တူးဖော်ခဲ့ချိန်မှာ ရှေးဟောင်းသုတေသသီများက အုတ်ဂူများကို ပထမဆုံး သတိပြုမိခဲ့ကြပါတယ်။ အုတ်ဂူ ၃၂ လုံးကို လုံခြုံစွာပိတ်ထားပြီး အထဲမှာ အဖိုးတန် လက်မှု ပစ္စည်းများကို တွေ့ရှိခဲ့ပါတယ်။ ထိုပစ္စည်းများမှာ ဆံထိုးများ၊ ဗိုင်းတံများ၊ ကြေးနီနှင့် ကြေးဝါ အဆင်တန်ဆာများ၊ လှပသော အိုးများ၊ သံတိုသံစများပါဝင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။