မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ မေဦးကတော့ ယခုမှာ ဟန်လင်းနဲ့အတူ အေးချမ်းသာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

photo credit : may oo 's facebook acc
photo credit : may oo 's facebook acc

မေဦးနဲ့ ဟန်လင်းတို့ စုံတွဲလေးကတော့ နှစ်အတော်ကြာလက်တွဲလာတဲ့ ချစ်သူစုံတွဲလေးဖြစ်ကာ တစ်ယောက်ကို နားလည်မှုအပြည့်နဲ့ ရှေ့ဆက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းတို့ စုံတွဲလေးကတော့ ယခုတွင် ဘုန်းဘုန်းအရှင်ဆေကိန္ဒ ကျောင်းတိုက်မှာဆွမ်းကပ်လှူပူဇော်ပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ စုံတွဲလေးရဲ့ ကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : may oo 's facebook acc
photo credit : may oo 's facebook acc

မေဦးကတော့ " ဘုန်းဘုန်းအရှင်ဆေကိန္ဒ ကျောင်းတွင်အာရုံဆွမ်းနှင့်နေ့ဆွမ်း တစ်လတစ်ကြိမ်လေးကြိမ်မြောက်ဆွမ်းကပ်လှုဒါန်းပူဇော်ခြင်း " ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေဦးတို့ စုံတွဲလေးရဲ့ မနက်စောစောမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: may oo 's facebook acc

photo credit : may oo 's facebook acc
photo credit : may oo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။