ပရိသတ်ကြီးရေ မင်းသမီးချောထွန်းအိန္ဒြာဗိုလ်ကတော့ အသံလည်းကောင်းသလို သရုပ်ဆောင်လည်းပိုင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကို တစ်ခေတ်ကတည်းကလုပ်ဆောင်ခဲ့တာကြောင့် သူမရဲ့အနုပညာအရည်အသွေးတွေကလည်း ပြည့်ဝနေပြီး ယနေ့အချိန်မှာတော့ ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယနေ့ထိတိုင် တစိုက်မက်မက်နဲ့အားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာဗိုလ်က တစ်ခေတ်မှာဆိုရင် သူမတူတဲ့ဒီဇိုင်းတွေနဲ့အရမ်းလန်းခဲ့တဲ့သူတစ်ယောက်ပါနော်။သူမရဲ့ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ဒီဇိုင်းတွေကြောင့် တစ်ခေတ်ကမင်းသမီးတွေထဲမှာ နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပါတယ်။အခုချိန်ထိလည်း နုငယ်ပျိုမျစ်ပြီး အရွယ်တင်နေဆဲဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်က ဟိုးအရင်တုန်းကလိုပဲ အရမ်းလှနေဆဲဖြစ်သလို ဖက်ရှင်ပိုင်းကလည်း ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောစွာဝတ်ဆင်တတ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

လတ်တလောမှာဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်က တေးသံရှင်တင်ဇာမော်နဲ့အတူ သီချင်းတွေအတူတူသီဆိုနေတာဖြစ်ပါတယ်။အနုပညာညီအစ်မနှစ်ယောက်ကတော့ အတွဲညီညီနဲ့ သီချင်းဆိုနေကြကာ "တစ်ယောက်က တရားမှတ် နေသော်လည်း..တစ်ယောက်က ပြူး ကြောင်နေတာမျိုး.."ဆိုပြီး ချစ်စရာပုံလေးတွေကို ထွန်းအိန္ဒြာဗိုလ်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

Source&Photo Credit:Mi Mi Khine's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။