အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်တဲ့ အလှတရားတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ မိုးဟာ သရုပ်ဆောင် ပီပြင်ကောင်းမွန်မှုတို့ကြောင့် ဝါရင့်ဒါရိုက်တာကြီးတွေရဲ့ ချီးကျုးမှုတွေကိုပါ ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေအပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လျက်ရှိနေတဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Moe Hay Ko's Facebook Page
Photo Crd - Moe Hay Ko's Facebook Page
Photo Crd - Moe Hay Ko's Facebook Page

မိုးရဲ့ အလှတရားတွေဟာလည်း အပြစ်ပြောစရာ မရှိလောက်အောင် ကို လှရက်နိုင်လွန်းနေတာလည်း ဖြစ်ပါတယ်။ သူမဟာ ယနေ့ချိန်ထိ မိဘနှစ်ပါးလုံးကို လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပ်တယ်။ ဒါ့အပြင် မိုးဟာ မကြာခဏဆိုသလိုလည်း အလှူအတန်းတွေ ပြုလုပ်လေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Moe Hay Ko's Facebook Page
Photo Crd - Moe Hay Ko's Facebook Page
Photo Crd - Moe Hay Ko's Facebook Page
Photo Crd - Moe Hay Ko's Facebook Page

ဒီနေ့ကတော့ မိုးဟေကိုရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့အမှတ်တရအဖြစ် ဝါရင့်အနုပညာရှင်တွေကို ကိုယ်တိုင်သွားရောက်ကာ ကန်တော့ငွေများ ပေးအပ်ခဲ့ပြီး ရုပ်ရှင်လောကသားများအတွက်လည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ မနှစ်ကလည်း မိုးဟေကိုဟာ မွေးနေ့အထိမ်းအမှတ်အဖြစ် သီလရှင်ဝတ်ခဲ့သေးတာလည်း ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ ကျေးဇူးရှင် မိဘနှစ်ပါးကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း မိုးရဲ့ လှူဒါန်းမှုဗီဒီယိုလေးကို ကြည့်ရှုပြီး မွေးနေ့ဆုတောင်းပေးခဲ့ ကြပါဦးနော်။

Source and Photo Crd - Moe Hay Ko's Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။