မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းမင်းသမီးချောလေးတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်လျက်ရှိနေပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit : Paing Phyoe Thu ' s facebook page
photo credit : Paing Phyoe Thu ' s facebook page

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ခရီးထွက်နေခဲ့တာပဲ ဖြစ်ပြီး သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ချစ်ခင်ပွန်းဏကြီးနဲ့အတူ တောင်ဝိုင်းတောင်တတ်ရင်း ပျော်ရွှင်စရာအမှတ်တရတွေဖြစ်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

photo credit : Paing Phyoe Thu ' s facebook page
photo credit : Paing Phyoe Thu ' s facebook page

သူမကတော့ ယခုမှာ" တောင်ဝိုင်းအမှတ်တရကိုပြောရမည်ဆိုရင်ဖြင့် အတက်လမ်းတလျှောက်မှာ ဦးရေခဲ၏ "ဝတုတ်လူဆိုး....ရေသောက်" ဟုသည့်အသံကို (2)မိနစ်ခြားတစ်ခါကြားရမည်ဖြစ်ပြီး အဆင်းလမ်းတလျှောက်မှာတော့ "ဝတုတ်လူဆိုး..ဘေးကိုကိုင်ဆင်း..သေချာကိုင်ပြီးဆင်း"ဆိုသည့်အသံကို(2)မိနစ်ခြားတစ်ခါ ကြားခဲ့ရခြင်းဖြစ်ပါသည်ရှင့် "  ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Paing Phyoe Thu ' s facebook acc

photo credit : Paing Phyoe Thu ' s facebook page
photo credit : Paing Phyoe Thu ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။