ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချော စိုးမြတ်သူဇာကတော့ ပရိသတ်တွေရဲ့အခိုင်အမာ အားပေးဝန်းရံမှုနဲ့အတူ ထိပ်ဆုံးမှာရပ်တည်နေတာ ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်သူဇာက အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်လာခဲ့ပြီး အားလုံးရဲ့လေးစားချစ်ခင်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။ မကြီးစိုးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ စိုးမြတ်သူဇာက လူချစ်လူခင်ပေါများသူဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Amazing Grace
Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page

ယနေ့အချိန်မှာတော့ မကြီးစိုးက တည်ငြိမ်အေးချမ်းတဲ့ အလှတရားတွေနဲ့ ကျက်သရေရှိစွာ လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမက သူမတို့ညီအစ်မတွေရဲ့ပိုးထည်ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတဲ့ မကြီးစိုးက အမြဲတမ်းလန်းဆန်းနုပျိုနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မကြီးစိုးက သူမချစ်ရတဲ့အနုပညာညီအစ်မတွေနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေးကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page

မကြီးစိုးက " အဲ့နေ့ က မိုးအတော်ချုပ်ပေမယ့် ပျော်နေကြတာနဲ့ ပင်ပန်းဖို့တောင်မေ့ သတိရတယ်နော် ပရိသတ်များ ဘာကြော်ငြာလဲ ? သိကြလားရှင့်" ဆိုပြီး Bella အလှကုန်ရိုက်ကွင်းက ပုံလေးကို တင်ပေးထားတာ ဖြစ်ပါတယ်။ မကြီးစိုးတို့အနုပညာညီအစ်မတွေကတော့ ရိုက်ကွင်းပေါ်မှာ အတူတူသရုပ်ဆောင်ရင်း ပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မကြီးစိုးရဲ့ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Soe Myat Thuzar's FB Page 

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Amazing Grace
Photo Credit-Soe Myat Thuzar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။