ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး လင်းအောင်ခေတ်ကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ လင်းအောင်ခေတ်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။
မိန်းကလေး ပရိသတ်တွေ အများဆုံး အားပေးရရှိသူ ဖြစ်သလို တကယ့်ကို ဖော်ရွေ့ပြီး ရည်မွန်တဲ့ လင်းအောင်ခေတ်ကို အနုပညာရှင် အချင်းချင်း လည်း ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ တစ်နေ့တစ်ခြား ပိုပိုပြီးအောင်မြင်ကျော်ကြားလာတဲ့ လင်းအောင်ခေတ်က အမြဲလိုလို မအားမလပ်နိုင်အောင် ရိုက်ကူးရေးတွေဆက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပေါ့ပေါ့ပါးပါးရိုက်ထားတဲ့ အထာကျကျ ဂေါ်နေတဲ့ ပုံလေးတွေကိုဖော်ပြထားကာ ကြည့်ရှုသူများပြားခဲ့တာဖြစ်ပြီး ကောင်မလေးတွေကြွေနေရတာအမှန်ပဲဖြစ်ပါတယ်။
လင်းအောင်ခေတ်ကတော့ အမြဲစနောက်ကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးလည်းဖြစ်ပါတယ်။ဖက်ရှင်အမိုက်စားတွေနဲ့ အမြဲ အထာကျသန့်ပြန့် ပြီး ဆွဲဆောင်မှုရှိတာကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် လင်းအောင်ခေတ်ရဲ့ ပုံလေး တွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း လင်းအောင်ခေတ်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။
Source & Photo Credit : Lin Aung Khit Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။