စိုပြေဝင်းလက်တဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ တစ်ခဲနက် စောင့်ကြည့်အားပေးခြင်းကို ခံနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အရပ်ရှည်ရှည်လေးနဲ့ အမိုက်စာ ဖက်ရှင်လေးတွေကို လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် မိန်းကလေးချင်းတောင် ကြွေနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သန္တာဗိုလ်ဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်လောကကို ကူးပြောင်းလာသူ တစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။  

Photo Crd - Thandar Bo's Facebook Account
Photo Crd - Thandar Bo's Facebook Account
Photo Crd - Thandar Bo's Facebook Account

သူမဟာ သူငယ်ချင်းတွေနဲ့ အမြဲအတူ သွားလာ စားသောက်ရတာကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး ခရီးလေးတွေလည်း မကြာခဏ သွားရောက်လေ့ရှိသူတစ်ယောက်ပါ။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အချိန်နဲ့ တစ်ပြေးညီ ပရိသတ်တွေကို အမြဲဝေမျှ တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Thandar Bo's Facebook Account
Photo Crd - Pwint Theingi Zaw's Facebook Account
Photo Crd - Pwint Theingi Zaw's Facebook Account
Photo Crd - Pwint Theingi Zaw's Facebook Account

အခုမှာလည်း သူမရဲ့ သူငယ်ချင်းဖြစ်သူ ပွင့်သိင်္ဂီဇော်ရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Face App နဲ့ပြင်ထားတဲ့ သူငယ်ချင်းရဲ့ ပုံကိုကြည့်ပြီး ယောကျာ်းနှာဘူးနဲ့တူတယ်ဆိုပြီး ပြောကာခွီနေတဲ့ သန္တာဗိုလ်ရဲ့ Video လေး ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သန္တာဗိုလ်ရဲ့ Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thandar Bo's Facebook Account and Pwint Theingi Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။