မင်းသမီးချောလေးရွှေအိမ်စည်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မော်ဒယ်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်လျက်ရှိနေသလို ယခုမှာ သရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေသူလေးပဲ ဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး ဖိတ်ကြားခံရတဲ့ ပွဲတွေကိုလည်း တတ်ရောက်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Ria Bo Vich
photo credit : Ria Bo Vich

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ပွင့်လင်းစွာစကားပြောဆိုတတ်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

photo credit : Ria Bo Vich
photo credit : Ria Bo Vich
photo credit : Ria Bo Vich

သူမကတော့ ယခုမှာ မိတ်ကပ်မလိမ်းခြယ်ထားဘဲ သဘာဝအတိုင်းလှပနေတဲ့ မျက်နှာပုံစံလေးနဲ့ ကြွေလောက်စရာကောင်းလွန်းနေခဲ့ပါတယ်။ သူမကတော့ " natural လေးပဲကောင်းပါတယ် " ဆိုပြီး ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ သဘာဝအတိုင်းလေးလှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Shwe Eain Si 's facebook page

photo credit : Ria Bo Vich
photo credit : Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။