ဒီတစ်ခါမှာတော့ ပြင်သစ်နိုင်ငံက ပေးအပ်တဲ့ "French Food Preservation Award" အစားအစာ မပုပ်မသိုးဆုအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နပိုလီယံဟာ သူ့ရဲ့ သက်တမ်းလျောက် ဆုကြေးငွေပေးကာ နည်းပညာရယူမှုတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့အနက် အစားအစာများကို ကြာရှည်ခံမယ့် နည်းပညာကို အရေးကြီးတယ်လို့ ယူဆဲ့ပါတယ်။ စစ်တပ်ဟာ အစာအိမ်ပေါ်မှာ ချီတက်နေရတယ် ဟူတဲ့ စကားအတိုင်း နပိုလီယံက ပြင်သစ် တပ်သားတွေနှင့် အရပ်သားများအတွက် လတ်ဆတ်သော အစားအစာတွေကို အမြဲအသင့် ရယူလိုခဲ့ပါတယ်။

ထို့ကြောင့် ၁၇၈၅ ခုနှစ်တွင် နပိုလီယံရဲ့ လက်အောက်ရှိ ပြင်သစ် စစ်တပ်ဟာ အစားအစာတွေကို ကြာရှည်ခံအောင် ပြုလုပ်နိုင်သူအား ဆုကြေးငွေ ဖရန့် ၁၂၀၀၀ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့လို ကြေညာခဲ့သော်လည်း ၁၅ နှစ်ကြာခဲ့ပြီးမှ ပြင်သစ် မုန့်လုပ်ငန်းရှင် Nicolas Appert ဟာ သူ့ရဲ့ စည်သွပ်နည်းပညာ အသေး စိတ်ကို ပုံနှိပ်ဖော်ပြပေးရန် သဘောတူခဲ့ပြီး ဆုကြေးငွေကို တောင်းခံခဲ့ကာ "The Art of Preserving Animal and Vegetable Substances for Many Years" စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Nicolas Appert ဟာ စည်သွပ်လုပ်ငန်းရဲ့ ဖခင်ကြီးအဖြစ် ထင်ရှားခဲ့ပါတယ်။ Nicolas Appert ဟာ အစားအစာတွေကို ပြုတ်ပြီး ပုလင်းများ၊ ဗူးများမှာ လေလုံအောင်ပိတ်၍ ထည့်သွင်းထားခြင်းဖြင့် လေလုံနေသမျှ တာရှည်ခံကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူဟာ အစားအစာများဟာ လေနှင့် ထိတွေ့ပါက တစ်နည်းနည်းဖြင့် ပုပ်သိုး ပျက်စီးသွားနိုင်ကြောင်းသိရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့် ပျက်စီးခြင်းကိုတော့ မသိရှိခဲ့ပါဘူး။ ထိုအချိန်မှာ သိပ္ပံပညာရှင်တွေဟာ စည်သွပ်ခြင်းနည်းပညာ အဆင့်ဆင့်ကို ရှင်းပြနိုင်ဖို့ ကြိုးပမ်းခဲ့ကြသော်လည်း နှစ် ၅၀ ကြာတဲ့ အချိန်ရောက်မှသာ "Louis Pasteur" က ဂျင်းမ် (ပိုးမွှား) သီအိုရီကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။