မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ပုရိသတွေကို ရင်ခုန်အောင်ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ညို့အားပြင်းတဲ့ခန္ဓာကိုယ်လေးနဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှတို့ကို ပိုင်ဆိုင်ထားတဲ့မိန်းမလှလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာက ယောက်ျားလေးပရိသတ်တွေရဲ့နှုတ်ဖျားမှာ အမြဲလိုလို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Thin Zar Wint Kyaw's FB Acc
Photo Credit-Thin Zar Wint Kyaw's FB Acc
Photo Credit-Thin Zar Wint Kyaw's FB Acc

သင်ဇာဝင့်ကျော်က နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပေမယ့် မာန်မာနကင်းပြီး ဖော်ရွေတတ်သူလေးလည်း ဖြစ်ပါတယ်။ သင်ဇာက လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ပိုင်စတိုင်လေးနဲ့ အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင်နေထိုင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက သူမရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ သရုပ်ဆောင် အေးသီတာ၊ သရုပ်ဆောင်ကြူကြူသင်းတို့နဲ့ အတူဆုံပြီး မုန့်ထွက်စားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Kyu Kyu Thin's FB Acc
Photo Credit-Kyu Kyu Thin's FB Acc

သင်ဇာကတော့ အခွီတွေပြောတတ်တဲ့ မအေးသီတာတို့နဲ့အတူဆုံတုန်းအချိန်လေးမှာ အားရပါးရရယ်မောပြီး ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ တစ်ချိန်လုံးပါးစပ်မစိနိုင်အောင် ခွီနေရတဲ့ သင်ဇာကတော့ Facebook မှာ Live လွှင့်ရင်း သူမရဲ့အပျော်တွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုခင်မင်ရင်းနှီးပြီး ပျော်စရာကောင်းတဲ့ သင်ဇာဝင့်ကျော်တို့အဖွဲ့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Thin Zar Wint Kyaw's FB Acc 

Photo Credit-Kyu Kyu Thin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။