ဒီတစ်ပါတ်မှာတော့ ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားဖွယ် နေရာတွေဖြစ်ကြတဲ့ "အဖာ မြေပြင်ချိုင့်ခွက်" (Afar Depression) နှင့် "နာထရွန်ရေကန်" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုနေရာ နှစ်ခုအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့က ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အီသီယိုးပီးယားနိုင်ငံ၊ အဖာဒေသတွင်မှာရှိတဲ့ အာတာအယ်လေမီးတောင်ဟာ ကမ္ဘာမြေပေါ်ရှိ အန္တရာယ်အကြီးမားဆုံး မီးတောင်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဖာဒေသမှာ အမြဲလိုလို လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ငယ်များဟာ ကြီးမား နက်ရှိုင်းသော ချောက်တွေကို ဖြစ်ပေါ်စေပါတယ်။ အာတာအယ်လေ မီးတောင်ထိပ်ဝမှာ မီးတောင်ပြာအိုင်နှစ်ခု ရှိနေကာ မီးတောင်ပြာများရဲ့ ပမာဏဟာ အမြဲပြောင်းလဲ လျက်ရှိနေပါတယ်။ အဲ့လို မီးတောင်ပြာများပြောင်းလဲမှုကြောင့် မြေပြင်ကို အပေါ်အောက် လှုပ်ခါမှုများ ဖြစ်ပေါ်စေလျက်ရှိတာပါ။

photo credit pngtree

တန်ဇီးနီးယားနိုင်ငံမှာ တည်ရှိတဲ့ သဘာ၀၀န်းကျင်နှင့် ကင်းကွာနေသော နာထရွန်ရေကန်ဟာ အမြင်အားဖြင့် အလွန်ထူးခြား လှပသောရှုမြင်ကွင်း တစ်ခုနှင့် တူညီနေပါတယ်။ ဒါပေမယ့် ကန်ရေ မျက်နှာပြင်ပေါ်မှာရှိနေတဲ့ အယ်လ်ကာလီ ဆားပြင်ဟာ သူနဲ့ ထိမိတဲ့ သက်ရှိ သတ္တဝါအားလုံးကို သေစေနိုင်တဲ့အထိ အန္တရာယ်ကြီးမားသော ဓာတုပစ္စည်းတွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့်မလို့ ကန်အတွင်းမှာ ရေကူးခွင့်ကို ပိတ်ပင်ထားပါတယ်။ ကန်ရေမျက်နှာပြင်မှ ထွက်ပေါ်နေတဲ့ ပြင်ထန်စူးရှသော ဟိုက်ဒြိုဂျင် ဆာလဖိုက်အနံ့များဟာ ဘယ်သူမှ နှစ်သက်မှာမဟုတ်သလို အသက်ရှူမှားလောက်တဲ့ ကန်ရှုခင်းကိုလည်း ကြာကြာ ခံစားနိုင်မည်မဟုတ်ပါဘူးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။