ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသ ဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်လာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လတ်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေး ဟာ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

ဖြူဖြူထွေး ကတော့ အသက်ငယ်ရွယ်ပေမယ့် ဘာသာတရားအထူးကိုင်းရှိုင်းသူလေးဖြစ်သလို မိဘပေါ်မှာလည်း သိတက်လိမ္မာတဲ့ အနုပညာရှင်လေးပါနော်..။ ဒါ့အပြင် သူမ ရရှိတဲ့ အနုပညာငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့ သူတွေကို တက်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးတာကို ပရိသတ်တွေလည်း မြင်တွေ့နေရမယ်လို့ထင်ပါတယ်။ ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ဖြူဖြူထွေးက ပရိသတ်တွေ ကြည်နူးဝမ်းသာစရာကောင်းလောက်တဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

ဒီအလှူလေးကတော့ မိဘမဲ့ဂေဟာက ကလေးတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းရင်း မုန့်ဖိုးတွေပေးကာ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေအဖွဲ့လိုက်ဆိုခဲ့ကြတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက " ဖြူဖြူထွေး ဘဝလေးမှာ ကိုယ်ပေးနိုင်တဲ့မေတ္တာလေးပါ ပြုသမျှကုသလ (၇) ရက်သားသမီးအားလုံး ရကြပါစေ " ဆိုပြီး စိတ်စေတနာအပြည့်နဲ့ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။ တကယ့်ကို ကြည်နူးပီတိဖြစ်စရာ အလှူလေးပြုလုပ်ခဲ့တဲ့ အချစ်တော်လေး ဖြူဖြူထွေးကို ချစ်ပရိသတ်တွေက ဒီထပ်မက လှူဒါန်းမှုတွေပြုလုပ်နိုင်အောင် ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။

Photo & Video Credit - Phyu Phyu Htwe

source -Phyu Phyu Htwe 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။