ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးဟာဆိုရင် ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နန်းဆုကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး သီချင်းအသစ်လေးတွေလည်းထွက်ရှိထားတာဖြစ်ပါတယ်။နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမကိုချစ်ကြတဲ့ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

နန်းဆုရဲ့သီချင်းဟောင်းလေးတွေနဲ့သီချင်းသစ်တွေဟာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြပြီး သူမရဲ့အသံချိုချိုလေးက နားထဲကိုငြိမ့်ညောင်းစွာစီးဆင်းသွားပါတယ်နော်။နန်းဆုကတော့ အသက်(၃၀)ကျော်အရွယ်ရောက်ရှိနေပေမယ့် နုပျိုလင်းလက်တဲ့အလှတရားတွေက မကုန်ခမ်းသွားသေးတာကြောင့် အခုချိန်ထိတိုင် အရွယ်တင်ပြီး နုပျိုလှပနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာဖြစ်ပါတယ်။

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

နန်းဆုက လူငယ်လေးတွေလို အမြဲတမ်းလှပနေပြီး သူမရဲ့အသားအရည်လေးတွေကလည်းဖြူဖွေးနုဖတ်ကာ အရေးအကြောင်းကင်းစင်ပါတယ်နော်။အခုဆိုရင်လည်း လူငယ်ဆန်ဆန်လေးဝတ်ဆင်ထားပြီး ဆယ်ကျော်သက်အရွယ်လေးလိုလှသွေးကြွယ်နေတာဖြစ်ပါတယ်။ဘာဘီအရုပ်မလေးလို အရမ်းချစ်စရာကောင်းနေပြီး တစ်နေ့တစ်ခြားပိုပိုလှလာတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

Photo Credit:Alinn Yaung Photography

Source:Nansu Yati Soe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။