သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့ သရုပ်ဆောင်မောင်ကတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာအောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မောင်က သူ့ကိုအားပေးတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း သရုပ်ဆောင်မင်းသားချောလေး မောင့်ကို ယနေ့အချိန်အထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

Photo Credit-Sein Phyo Hlaing's FB Acc
Photo Credit-Sein Phyo Hlaing's FB Acc
Photo Credit-Sein Phyo Hlaing's FB Acc

လက်ရှိမှာတော့ မောင်က အစ်မဖြစ်သူနန္ဒာလှိုင်တို့မိသားစုနဲ့အတူ ဘားအံမှာရှိတဲ့ သူတို့မိသားစုရဲ့ဟိုတယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဇွဲကပင်တောင်ခြေမှာရှိတဲ့ Hotel Zwekabin မှာတော့ မောင်နဲ့ နန္ဒာလှိုင်တို့မိသားစုလေးက ပျော်ပျော်ပါးပါး အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း မောင်က ဟိုတယ်အကျယ်ကြီးထဲမှာ လျှောက်လည်ရင်း Live လွှင့်ပြီး အပျင်းပြေစကားပြောခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Zay Thiha's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Nandar Hlaing's FB Acc

မောင်ကတော့ သာယာလှပတဲ့သဘာဝရှုခင်းတွေနဲ့အတူ အပန်းဖြေနေတာဖြစ်ပြီး သူချစ်ရတဲ့တူမလေးတွေနဲ့အတူ ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ နန္ဒာလှိုင်ရဲ့သမီးငယ်လေး ဇေမဒီလှိုင်ကလည်း ရေကူးကန်ထဲမှာ ပျော်ပျော်ပါးပါး ရေကူးနေတာဖြစ်ပြီး အရမ်းကိုချစ်ဖို့ကောင်းလို့နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘားအံမှာ မိသားစုနဲ့အတူ အနားယူအပန်းဖြေနေတဲ့ မောင်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"SEIN PHYO & YI" FB Page 

Photo Credit-Nandar Hlaing's FB Acc
Photo Credit-"SEIN PHYO & YI" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။